×
ESC
Allow notifications and receive property updates from Dot Property

လုံခြုံမှုပေါ်လစီ

dotproperty.com.mm တွင် ကျွန်ုပ်တို့သည် သင်၏အွန်လိုင်းလုံခြုံမှုအား အလေးအနက်ထားပါသည်၊ ထို့အပြင် သင်၏ပုဂ္ဂလိကနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ရန် တာဝန်ရှိပါသည်။ ကျွန်ုပ်တို့သည် သင်၏အချက်အလက်များကို မည်သို့စုဆောင်း၊ အသုံးပြု၊ လုံခြုံစေသည်ကို ရှင်းပြရန် ဤအဆိုပြုချက်ကို ရေးသားရခြင်းဖြစ်သည်။ ကျေးဇူးပြု၍ ဆက်လက်ဖတ်ရှုပါ၊ ပြီးနောက် သတင်းအချက်အလက်များ ပိုသိနိုင်ရန် ကျွန်ုပ်တို့၏ အသုံးပြုမှုအခေါ်အဝေါ်များကို ၀င်ရောက်ကြည့်ရှုပါ။

ကျွန်ုပ်တို့စုဆောင်းထားသော အချက်အလက်များနှင့် ၄င်းတို့အား မည်သို့အသုံးပြုပုံ

ဤ dotproperty.com.mm ၀က်ဘ်ဆိုက်မှာ ကျွန်ုပ်တို့၏ ဖောက်သည်များထံမှ မည်သည့်အချိန်တွင် dotproperty.com.mm မန်ဘာဝင်ခဲ့သည်၊ ၀ယ်ယူခြင်းတစ်ခု ပြုလုပ်ခဲ့သည်၊ လူမှုကွန်ယက်မှတစ်ဆင့် ကျွန်ုပ်တို့နှင့်ဆက်သွယ်ခဲ့သည်၊ ကုန်ပစ္စည်းသုံးသပ်ချက်တစ်ခု ရေးခဲ့သည်၊ စာရင်းတိုတစ်ခု ဖန်တီးခဲ့သည်၊ ဖြစ်ရပ်များ ပြိုင်ပွဲများ အရောင်းမြှင့်တင်မှုများတွင်ပါဝင်ခဲ့သည်၊ ကျွန်ုပ်တို့၏ ဖောက်သည်စောင့်ရှောက်မှုအဖွဲ့သို့ ဆက်သွယ်ခဲ့သည်၊ သို့မဟုတ် အခြားသော ဖောက်သည်မှဖန်တီးရသည့် အကြောင်းအရာများကို ဤဆိုက်တွင် တင်ခဲ့သည်၊ စသည်တို့အပါအ၀င် ကန့်သတ်မထားသော အမျိုးမျိုးသောဆိုက်တည်နေရာများ၊ ညွှန်းဆိုခြင်းများ၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို တောင်းဆို၊ စုဆောင်းသည်။ ယင်းတို့မှာ အချက်အလက်များကို ကျွန်ုပ်တို့စုဆောင်းသည့် လတ်တလောအခြေခံနည်းလမ်းများဖြစ်သည်၊ သို့သော် အနာဂတ်တွင် ကျွန်ုပ်တို့သည် အချက်အလက်များကို အခြားသော ချန်နယ်များမှလည်း စုဆောင်းပါလိမ့်မည်။

ကျွန်ုပ်တို့သင့်ထံမှစုဆောင်းသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များသည် ရရှိလာသည့်နည်းလမ်းအပေါ်မူတည်ပြီး အမျိုးအစားကွဲပြားပါမည်။ ၄င်းတွင် ကန့်သတ်ထားခြင်းမဟုတ်သော အောက်ပါတို့ ပါဝင်နိုင်ပါသည်:

a) သင်ကျွန်ုပ်တို့ကိုပေးထားသော အချက်အလက်များ

ကျွန်ုပ်တို့သည် သင်သိ၍ပေးထားသော အချက်အလက်များကို လက်ခံသိမ်းဆည်းထားပါသည်၊ ဥပမာ:

  • နာမည်အပြည့်အစုံ
  • အီးမေးလ်လိပ်စာ
  • ဖုန်းနံပါတ်
  • ငွေပေးဆောင်ခြင်းအချက်အလက်နှင့် ပေးချေခြင်းဆိုင်ရာအသေးစိတ်များ (ဥပမာ သင်၏ငွေလွှဲပြောင်းခြင်းကို ပြီးမြောက်စေမည့် ရည်ရွယ်ချက်အတွက် အထူးသီးသန့်ဖြစ်သော ငွေပေးဆောင်ခြင်းလိပ်စာ၊ အကြွေးကတ်အသေးစိတ်များနှင့် အခြားသော သိသာသည့်ငွေကြေးဆိုင်ရာ အချက်အလက်များ)
  • သင်၏ dotproperty.com.mm မန်ဘာဖြစ်ခြင်းအတွက် အသုံးပြုသူအမည်နှင့် စကားဝှက်
  • သင်၏ dotproperty.com.mm အမှာများ၊ ၀ယ်ယူမှုများအတွက် မှတ်တမ်း
  • လူမှုကွန်တွင် သင်နှင့်ကျွန်ုပ်တို့၏ အပြန်အလှန်ဆက်သွယ်မှုမှတစ်ဆင့် သင်ပေးသောအချက်အလက်များ
  • အကယ်၍ သင်ကျွန်ုပ်တို့၏ မိုဘိုင်းဆိုက် သို့မဟုတ် အပလီကေးရှင်းကို အသုံးပြုပါက ရရှိနိုင်သော တည်နေရာနှင့် ပထ၀ီဆိုင်ရာအချက်အလက်များ
  • သင်မှကျွန်ုပ်တို့ထံသို့ တင်သွင်းသော သို့မဟုတ် တတိယပါတီမှ ကျွန်ုပ်တို့ထံသို့ ပေးပို့သည့်အချက်အလက်များတွင်ပါဝင်သော အသေးစိတ်များ
  • ထို့အပြင် သင်မှ မိတ်ဆွေတစ်ဦးထံ dotproperty.com.mm အကြောင်း အီးမေးလ်းပို့မည်ဟု ရွေးချယ်သည့်အခါ တစ်ကြိမ်စာအီးမေးလ်ပို့ရန်အတွက် ၄င်းတို့၏အီးမေးလ်လိပ်စာများကို သင့်ဆီမှကျွန်ုပ်တို့က တောင်းဆိုပါသည်။ ယင်းမိတ်ဆွေက dotproperty.com.mm မန်ဘာဝင်ခြင်းမပြုလုပ်ပါက ကျွန်ုပ်တို့သည် သင့်မိတ်ဆွေ၏အီးမေးလ်ကို မည်သည့်အခြားရည်ရွယ်ချက်များအတွက်မျှ မမျှဝေပါ။

b) အလိုအလျောက်စုဆောင်းထားသော အချက်အလက်များ

ကျွန်ုပ်တို့သည် (ဂူဂဲလ်ခွဲခြမ်းစိစစ်ရေး အပါအ၀င်) သင်၏ဘရောက်ဇာမှ ကျွန်ုပ်တို့၏ဆာဗာလော့ဂ်သို့ သင်ကျွန်ုပ်တို့၏ဆိုက်နှင့် အပြန်အလှန်ဆက်သွယ်သည့်အခါတိုင်း ကိုယ်ရေးကိုယ်တာမဟုတ်သည့် အမည်သတ်မှတ်နိုင်သော အချက်အလက်များကို အလိုအလျောက် စုဆောင်းသည့် တတိယပါတီ ၀က်ဘ်ဆိုက်ခွဲခြမ်းစိစစ်ရေး ကိရိယာများကို အသုံးပြုသည်။ ထိုအကြောင်းအရာများတွင် ကန့်သတ်ထားခြင်းမဟုတ်သည့်၊ IP လိပ်စာ၊ ကြည့်ရှုခဲ့သည့်စာမျက်နှာ၊ ဆိုက်လမ်းကြောင်းပြပုံစံများ၊ အင်တာနက်နှင့် ကျွန်ုပ်တို့ဆိုက်အား ချဉ်းကပ်ရန်အသုံးပြုသည့် စက်အကြောင်းအသေးစိတ်များနှင့် အကယ်၍သင်က ကျွန်ုပ်တို့ဆိုက်အား မိုဘိုင်းစက်တစ်ခုမှ ချဉ်းကပ်နေခြင်းဖြစ်လျှင် မြေပြင်ခြေရာခံခြင်းအချက်အလက်များ ပါဝင်ပါသည်။ ယင်းတို့ကို ကွတ်ကီများ ၀က်ဘ်အချက်ပြမီးများကဲ့သို့သော အလိုအလျောက်ကြားခံများမှ ရရှိပါသည်။ "ကွတ်ကီများ" မှာ သင်ကျွန်ုပ်တို့ဆိုက်နှင့် အခြားဆိုက်များအား လမ်းကြောင်းရှာသည့်အခါ သင့်ကွန်ပြူတာ၏ ဟာ့ဒရိုက်သို့ လွှဲပြောင်းပေးလိုက်သော စာဖိုင်များဖြစ်သည်။ ကျွန်ုပ်တို့သည် ကွတ်ကီများကို ဆိုက်လိုင်းကြောနှင့် ဆိုက်အပြန်အလှန်ဆက်သွယ်မှုအကြောင်း စုစည်းထားသော အချက်အလက်များကို ရေးသားရန် သင်ပို၍စိတ်ဝင်စားနိုင်ချေရှိသော အခြားသောဝက်ဘ်ဆိုက်များရှိ ကြော်ငြာများကိုပြရန်နှင့် သင့်အား အနာဂတ်တွင် တိုးမြှင့်ထားသောဝန်ဆောင်မှုများ၊ ဆိုက်အတွေ့အကြုံများနှင့် ကိရိယာများပံ့ပိုးပေးရာတွင် ကျွန်ုပ်တို့အား ကူညီနိုင်မည့်အချက်အလက်များဖြစ်သည့် သင်၏ပြီးခဲ့သော သို့မဟုတ် လတ်တလော ဆိုက်လှုပ်ရှားမှုများပေါ်အခြေခံ၍ သင်၏ဦးစားပေးမှုများကို ကျွန်ုပ်တို့နားလည်နိုင်စေရန် အသုံးပြုပါသည်။ သင်သည် သင့်စက်၏ ကွတ်ကီလက်ခံမှုကို ပြောင်းလဲရန် သင်၏ဘရောက်ဇာ သို့မဟုတ် စက်ရှိ ဦးစားပေးများကို ချိန်ညှိနိုင်ပါသည်၊ သို့သော် ထိုသို့ပြုလုပ်ခြင်းသည် ကျွန်ုပ်တို့၏ သင်နှင့်ကိုက်ညီသော အကြောင်းအရာများ ပေးပို့နိုင်စွမ်းကို ကန့်သတ်ကောင်း ကန့်သတ်နိုင်ပါသည်။

ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏ဆိုက်သို့ လာရောက်လည်ပတ်ခြင်း ကြိမ်နှုန်းနှင့် ဦးရေအပါအ၀င်) ကိုယ်ရေးကိုယ်တာမဟုတ်သော အမည်သတ်မှတ်နိုင်သည့် အသုံးပြုမှုအချက်အလက်များကိုလည်း စုဆောင်းသိမ်းဆည်းနိုင်ပါသည်။ ထိုသို့သောအချက်အလက်များကို သင်မည်သူဆိုဟုအသိမပေးသည်မှာ သေချာစေသောနည်းလမ်းဖြင့်သာ စုဆောင်း၍အသုံးပြုပါသည်။ ကျွန်ုပ်တို့သည် ယင်းအမည်လျှို့ဝှက်၊ စုဆောင်းယူထားသော အချက်အလက်များကို ကျွန်ုပ်တို့၏ ပါတနာများထံ ပံ့ပိုးနိုင်ပြီး ကျွန်ုပ်တို့၏ ပါတနာများသည် သင့်အား တိုးမြှင့်ထားသော အွန်လိုင်းအတွေ့အကြုံများ ပံ့ပိုးရန်အားထုတ်ရာတွင် ယင်းအချက်အလက်များကို ယေဘုယအသုံးချမှုပုံစံများနှင့် အလားအလာများအား သတ်မှတ်ရန်အတွက်အသုံးပြုမည်ဖြစ်သည်။

c) အီးမေးလ်နှင့် အခြားဆက်သွယ်မှုများ

ကျွန်ုပ်တို့သည် ဆက်စပ်မှုရှိသည့် လိုအပ်သောမတ်ဆေ့များပေးပို့ရန် သင့်ကို အီးမေးလ်မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

ကျွန်ုပ်တို့သည် သင်စိတ်ဝင်စားလောက်မည့် ကျွန်ုပ်တို့၏ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများ၊ ပြိုင်ပွဲများနှင့် အရောင်းမြှင့်တင်မှုများအကြောင်းကိုလည်း သတင်းစာလွှာများနှင့် အပိုဆောင်းမတ်ဆေ့များ သင့်ထံပေးပို့နိုင်ပါသည်။ အကယ်၍ သင်သည် ယင်းတို့နှင့် အခြားအရောင်းမြှင့်တင်မှုဆိုင်ရာ ကျွန်ုပ်တို့၏ ဆက်သွယ်မှုများကို မရရှိတော့လိုပါက အီးမေးလ်တွင်ပါရှိသော လင့်ခ်အားမမှာယူပါကို ရွေးချယ်နိုင်ပါသည်။ သင်၏ ဆက်သွယ်မှုဦးစားပေးများကို သင်၏ dotproperty.com.mm မန်ဘာဖြစ်ခြင်းစာမျက်နှာရှိ အီးမေးလ်ဦးစားပေးစင်တာကို ချဉ်းကပ်ပြီး သင်၏သတ်မှတ်ချက်များကို အလိုက်သင့်ချိန်ညှိခြင်းဖြင့် ပြောင်းလဲနိုင်ပါသည်။

ကျွန်ုပ်တို့ သင်၏အချက်အလက်များကို မည်သို့အသုံးပြုပုံ

အထက်တွင်ဖော်ပြထားသော အကြောင်းရင်းများအတွက် (အပိုင်း b နှင့် c ကိုကြည့်ပါ) ဖောက်သည်များထံမှ ကျွန်ုပ်တို့စုဆောင်းထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များအားလုံးသာမက:

  • ဆောင်ရွက်ခြင်း၊ အတည်ပြုခြင်း၊ ဖြစ်နိုင်အောင်ပြုလုပ်ခြင်းနှင့် သင်၏ ငွေလွှဲပြောင်းမှုအား ပြီးမြောက်စေခြင်း
  • ဤဆိုက်တွင် သင်မန်ဘာဖြစ်မှုကို ဖန်တီးခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းခြင်း
  • တောင်းဆိုထားသော တိုက်ရိုက် ဖောက်သည်ပံ့ပိုးခြင်းနှင့် ၀န်ဆောင်မှုများအား ဆောင်ရွက်ပေးခြင်း
  • သင်၏ ၀ယ်ယူမှုဇာတ်ကြောင်းအား မှတ်တမ်းတင်ထိန်းသိမ်းခြင်း
  • ကျွန်ုပ်တို့၏ဆိုက်၊ ဘလော့ဂ်နှင့် လူမှုကွန်ယက်များမှတစ်ဆင့် ဆက်သွယ်နိုင်ရန် ပြုလုပ်ပေးခြင်း
  • ပြိုင်ပွဲများနှင့် အရောင်းမြှင့်တင်ခြင်းများတွင် သင်၏ပါဝင်မှုအား စီမံခန့်ခွဲခြင်း
  • သင့်လျော်သလို အီးမေးလ်ပို့ခြင်း (အပိုင်း c: အီးမေးလ်နှင့် အခြားဆက်သွယ်မှုများကို ကြည့်ပါ)

အသက် ၁၆ နှစ်အောက် ဖြစ်ပါသလား?

dotproperty.com.mm မှာ အသက် ၁၆ နှစ်နှင့်အထက်ဖြစ်သော အသုံးပြုသူများအတွက် ရည်ရွယ်ပါသည်။ အကယ်၍ သင်သည် ၁၆ နှစ်အောက်ဖြစ်လျှင် dotproperty.com.mm သို့ သင်၏မည်သည့်ကိုယ်ရေးကိုယ်တာ အချက်အလက်ကိုမျှ ထည့်သွင်းရန် ခွင့်မပြုပါ။ အသက် ၁၆ နှစ်အောက်ဖြစ်သော ပုဂ္ဂိုလ်ထံမှ မိဘများ၏ သဘောတူကြောင်း အတည်ပြုချက်မပါသည့် အချက်အလက်များကို စုဆောင်းမိသည်ဟု ရှာဖွေတွေ့ရှိပါက ကျွန်ုပ်တို့သည် အသက် ၁၆ နှစ်အောက်ဖြစ်သော ပုဂ္ဂိုလ်ထံမှ မည်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်ကိုမဆို မဆိုင်းမတွပင် ဖျက်ပစ်မည်ဖြစ်သည်။ အကယ်၍ သင်သည် ကျွန်ုပ်တို့က အသက် ၁၆ နှစ်အောက်ဖြစ်သော ပုဂ္ဂိုလ်ထံမှ အချက်အလက်များ စုဆောင်းထားမိသည်ဟု ယုံကြည်ပါက ကျွန်ုပ်တို့အမှန်ပြင်နိုင်ရန် ကျေးဇူးပြု၍ မဆိုင်းမတွဘဲ info@dotpropertygroup.com သို့ ဆက်သွယ်ပေးပါ။

အချက်အလက်မျှဝေခြင်း

dotproperty.com.mm သည် ယင်းကိုအသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသင်းဝင်မဟုတ်သော မည်သည့်တတိယပါတီနှင့်မျှ ၄င်းတို့၏အရောင်းမြှင့်တင်ရေး လုပ်ငန်းများအတွက် မမျှဝေပါ။ ကျွန်ုပ်တို့သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသင်းဝင်မဟုတ်သော တတိယပါတီများနှင့် အောက်ပါအတိုင်းသာ မျှဝေပါသည်:

ပေးချေမှုများ၊ ပို့ဆောင်မှုများ၊ ကူညီထောက်ပံ့မှုများနှင့် အခြားပရိုဂရမ်များ

ကျွန်ုပ်တို့သည် လိုအပ်သော ပေးချေမှုနှင့် သို့မဟုတ် ပို့ဆောင်မှုကိုသေချာစေရန် တတိယပါတီ ပေးချေမှုဆောင်ရွက်သူနှင့် တတိယပါတီ ပို့ဆောင်မှုကိုယ်စားလှယ်ကို အသုံးပြုရန် ရွေးချယ်နိုင်ပါသည်။ …. ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကူညီပံ့ပိုးမှုပရိုဂရမ်ကို အုပ်ချုပ်ရန်အတွက် တတီယပါတီတစ်ခုကို အသုံးပြုပါသည်။ ကျွန်ုပ်တို့သည်အခြားသော အခြားသော ၀န်ဆောင်မှုများအတွက်လည်း အခြားတတိယပါတီများကို အချိန်နဲ့အမျှအသုံးပြုပါသည်။ ဤတတိယပါတီမှာ သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ၄င်းတို့၏ ကြော်ုငာဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်သည့် အခွင့်အာဏာမရှိပါ။

ဥပဒေကိုဖွင့်ပြခြင်း

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ၀န်ဆောင်မှုပံ့ပိုးသူများ၊ ဥပဒေအားဖြည့်မှုကိုယ်စားလှယ်များ၊ သို့မဟုတ် ပံစံကျသော အချို့သောအခြေအနေများရှိ (ရုံးမိန့်တစ်ခု၊ သမ္မန်စာတစ်ခု၊ သို့မဟုတ် တရားစီရင်မှုတစ်ခုကိုတုံ့ပြန်ခြင်း စသည်များကဲ့သို့) တောင်းဆိုမှုများပြုလုပ်ရသည့် တတိယပါတီများကို ကိုယ်ရေးကိုယ်တာအချက်အလက်များ ဖွင့်ပြခွင့်ကို dotproperty.com.mm အနေဖြင့် ကျွန်ုပ်တို့၏ တစ်ခုတည်းသော၊ လုံးဝဥဿုံ ဝေဖန်ပိုင်းခြားတတ်သော၊ လိုအပ်ချက်နှင့် သင့်လျော်မှုကို အသိအမှတ်ပြုမှုတွင် ချန်လှပ်ထားပါသည်။ ထိုမျှသာမကသေး၊ အရောင်း၊ ပူးပေါင်းမှု၊ သို့မဟုတ် အချို့သို့မဟုတ် အကုန်လုံးဖြစ်သောdotproperty.com.mm ရပိုင်ခွင့်များကို လွှဲပြောင်းခြင်း၊ သို့မဟုတ် စီးပွားပျက်သွားခြင်း၊ သို့မဟုတ် ကြွေးမဆပ်နိုင်အောင် မွဲသွားခြင်းစသည့် ဖြစ်ရပ်များတွင် သင်၏ကိုယ်ရေ;အချက်အလက်များကို ပူးပေါင်းမထားသော တတိယပါတီသို့ အခြားသောရပိုင်ခွင့်များ သို့မဟုတ် လွှဲပြောင်းထားသော ရပိုင်ခွင့်များမှ သို့မဟုတ် ယင်းတို့၏ တစ်စိတ်တစ်ပိုင်းအဖြစ် လွှဲပြောင်းကောင်း လွှဲပြောင်းရမည်ဖြစ်သည်။ မည်သည့်လွှဲပြောင်းမှုကိုမဆို ၀ယ်ယူသူ၏ သို့မဟုတ် ရပိုင်ခွင့်များ သို့မဟုတ် လွှဲပြောင်းထားသော ရပိုင်ခွင့်များကို ပြုလုပ်သူက ကြပ်မတ်ပြီး တာဝန်ယူရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ရပိုင်ခွင့်များလွှဲပြောင်းမှု သို့မဟုတ် ပိုင်ဆိုင်မှုရပိုင်ခွင့်များ လွှဲပြောင်းမှု ရလဒ်အဖြစ် သင်၏ကိုယ်ရေးအချက်အလက်ကို ကြပ်မတ်ပေးသည့် ပင်မစာမျက်နှာမှ မည်သည့်အချက်အလက်ပြောင်းလဲမှုကိုမဆိုအပြင် သင်၏အချက်အလက်သို့မည်သို့ အသုံးပြုမည်ဆိုသည့် သင်၏ရွေးချယ်မှုအကြောင်း မည်သည့်အသိပေးချက်တစ်ခုကိုမဆို အသိပေးမည်ဖြစ်သည်။

တတိယပါတီဝက်ဘ်ဆိုက်များသို့ လင့်ခ်

ဤဆိုက်တွင် အခြားတတိယပါတီဝက်ဘ်ဆိုက်များသို့ လင့်ခ်များ ပါဝင်သည်။ dotproperty.com.mm ယင်းအခြားတတိယပါတီဝက်ဘ်ဆိုက်များ၏ လုံးခြုံရေးကျင့်သုံးမှုများ သို့မဟုတ် ပါဝင်အကြောင်းအရာများနှင့် ပတ်သက်ပြီး တာဝန်မယူပါ။ ကျွန်ုပ်တို့သည် သင်လည်ပတ်သော ၀က်ဘ်ဆိုက်တစ်ခုခြင်းစီ၏ သင့်ကိုယ်ရေးအချက်အလက်များကို ဖွင့်ချခြင်းဆိုင်ရာအကြို လုံခြုံရေးပေါ်လစီများကို ဖတ်ရှုရန် အားပေးပါသည်။

အသုံးပြုသူမှဖန်တီးထားသော ပါဝင်အကြောင်းအရာများနှင့် သတင်းအချက်အလက် ဖွင့်ပြခြင်း

အွန်လိုင်းပေါ်တွင် အခြားသူများ ကြည့်ရှုနိုင်မည့်နည်းဖြင့် သင်ကိုယ်တိုင် ဖွင့်ချထားသော မည်သည့်ကိုယ်ရေးအချက်အလက် သို့မဟုတ် ရုပ်ပုံပါဝင်မှုကိုမဆို (အပါအ၀င်၊ သို့သော် ကန့်သတ်မထားသော သုံးသပ်ချက်များ၊ မှတ်ချက်များ၊ လူမှုမီဒီယာစာမျက်နှာများတွင် ပြိုင်ပွဲများ၊ အရောင်းမြှင့်တင်ခြင်းများတွင် ပါဝင်ထားမှုများနှင့် dotproperty.com.mm blog) တွင် လူတိုင်းတွေ့နိုင်ပြီး ဖတ်ရှုနိုင်၊ စုဆောင်းနိုင်ပြီး ဤဖိုရမ်ရှိအခြားမန်ဘာများမှ သင့်ကို မလိုလားသော မတ်ဆေ့များပို့ရန် အသုံးပြုလာနိုင်ပါသည်။ ဤဆိုက်မှတစ်ဆင့် မှတ်ချက်များ သင်တင်ပြသည့်အခါ သို့မဟုတ် ရုပ်ပုံများ သင်လိုင်ူတင်သည့်အခါ သင်၏ မန်ဘာအမည်၊ အီးမေးလ် သို့မဟုတ် အခြားအချက်အလက်များကိုလဲ ဖော်ပြီနိုင်ပါသည်။ dotproperty.com.mm သည် ဤဖိုရမ်များတွင် အသုံးပြုသူကိုယ်တိုင် ကိုယ်ရေးအချက်အလက်များကို ဖွင့်ပြရန်ရွေးချယ်မှုအတွက် တာဝန်မရှိပါ။

ကျွန်ုပ်တို့မှ သင်၏ကိုယ်ရေးအချက်အလက်များကို မည်သို့ကာကွယ်ပုံ

dotproperty.com.mm သည် အင်တာနက်လုံခြုံရေး ရည်ရွယ်ချက်များအတွက် ယနေ့ခေတ်တွင် အဆင့်အမြင့်ဆုံးဖြစ်သော နည်းပညာအချို့ကို လက်တွေ့အသုံးချပါသည်။ သင်သည် စက်မှုအဆင့်မီ လုံခြုံမှုဆော့ကတ်အလွှာ (SSL) နည်းပညာ ကိုအသုံးပြုပြီး ကျွန်ုပ်တို့၏ ချက်ခ်အောက်ကို ချဉ်းကပ်သည့်အခါ သင်၏ဒေတာများ လုံခြုံ၊ အန္တရာယ်ကင်းပြီး dotproperty.com.mm တွင်သာ ရရှိနိုင်ကြောင်း သေချာစေပြီး ဆာဗာအခွင့်အာဏာပေးခြင်းနှင့် အချက်အလက်ကုတ်ပို့ခြင်းဖြင့် သင်၏ကိုယ်ရေးအချက်အလက်များကို ကာကွယ်ပေးထားပါသည်။

ထို့အပြင် ကျွန်ုပ်တို့အားလုံး လုံခြုံစေရန်အတွက် dotproperty.com.mm အား နှောက်ယှက်မှုများ သို့မဟုတ် ပြင်ပချဉ်းကပ်မှုများမှ ကာကွယ်နိုင်သည့် ဖိုင်းယားဝေါလ် သို့မဟုတ် အခြားအဆင့်မြင့်နည်းပညာကို အသုံးပြုသည့် လုံခြုံသော ဆာဗာဝန်းကျင်တွင် အခြေတည်ထားပါသည်။

သင်၏ ကိုယ်ရေးအချက်အလက်များနှင့် ဦးစားပေးများကို ချဉ်းကပ်ခြင်း

သင်သည် သင်၏ dotproperty.com.mm မန်ဘာဖြစ်မှုစာမျက်နှာသို့ ဆိုင်းအင်ဝင်ပြီး သင်၏ဝေဖန်ပိုင်းခြားမှုအရ ဦိးစားပေးများကို ထူးကဲစေခြင်းဖြင့် အသစ်တင်ခြင်းများကို ချဉ်းကပ်နိုင်သည် သို့မဟုတ် သင်၏ ဆက်သွယ်မှုဦးစားပေးများကို ပြောင်းနိုင်ပါသည်။
သင်သည် ကျွန်ုပ်တို့ အထူးပြုလိုသော လိုမဟုတ် တောင်းဆိုသော အချက်တစ်ချို့ သို့မဟုတ် အားလုံးကို မပေးရန်ရွေးချယ်နိုင်ပါသည်၊ သို့သော် ထိုသို့ပြုလုပ်ပါက သင်သည် ကျွန်ုပ်တို့နှင့် မန်ဘာဖြစ်မှုတစ်ခု ဖန်တီးနိုင်မည်မဟုတ်ပါ သို့မဟုတ် ကျွန်ုပ်တို့၏ အထူးလက္ခဏာများအချို့ သို့မဟုတ် အားလုံးကို ရယူနိုင်တော့မည်မဟုတ်ပါ။

သင်၏ လုံခြုံမှုအခွင့်အရေးများ

dotproperty.com.mm မှ သတင်းအချက်အလက်ကိုရယူရန် ကျေးဇူးပြု၍ info@dotpropertygroup.com သို့ အကြောင်းအရာလိုင်းနှင့် မတ်ဆေ့၏စာကိုယ်တွင် "dotproperty.com.mm လုံခြုံမှုသတင်းအချက်အလက်" ဖြင့် အီးမေးလ်တစ်ခုပို့ပါ။ ကျွန်ုပ်တို့သည် သင်တောင်းဆိုသော သတင်းအချက်အလက်ကို သင်၏အီးမေးလ်လိပ်စာသို့ ပြန်လည်ဖြေကြားပေးမည်ဖြစ်သည်။

လုံခြုံမှုပေါ်လစီအသစ်တင်မှုများ

dotproperty.com.mm သည် ဤဆိုက်တွင် ဤလုံခြုံမှုပေါ်လစီကို ပြန်လည်ကြည့်ရှုစစ်ဆေးခြင်းအားဖြင့် ယင်းကို အသိမပေးခြင်းမရှိဘဲ အချိန်မရွေး ထူးကဲစေနိုင် အသစ်တင်နိုင်ပါသည်။ သင်၏ ဤဆိုက်အားဆက်လက်အသုံးပြုမှုတွင် ယင်းကဲ့သို့ ပြန်လည်ကြည့်ရှုစစ်ဆေးမှုများဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။ ထို့ကြောင့် သင်သည် လတ်တလောလုံခြုံရေးပေါ်လစီများကို ကြည့်ရှုသုံးသပ်နိုင်ရန်အတွက် ဤစာမျက်နှာကို မကြာခဏ လည်ပတ်သင့်ပါသည်။
***နောက်ဆုံး အသစ်တင်ထားသော 19-Mai-2015

ကျွန်ုပ်တို့ကိုဆက်သွယ်ပါ

ကျွန်ုပ်တို့သည် ဤလုံခြုံမှုပေါ်လစီနှင့် ဆိုက်အကြောင်း သင်၏မေးခွန်းများ၊ မှတ်ချက်များနှင့် ပတ်သက်မှုများကို ကြိုဆိုပါသည်။

သင်သည် ကျွန်ုပ်တို့ဆီသို့ info@dotpropertygroup.com တွင် ရောက်နိုင်ပါသည်။