Terms and Conditions | Dot Property
×
ESC
Allow notifications and receive property updates from Dot Property

အခေါ်အဝေါ်များနှင့် အခြေအနေများ

မိတ်ဆက်

ဒေါ့ပရော်ပါတီ Pte. Ltd. သည် dotproperty.com.mm ၏ ပိုင်ရှင်နှင့် ထုတ်ဝေသူဖြစ်ပါသည်။ ဤအခေါ်အဝေါ်များနှင့် အခြေအနေများသည် သင်၏ dotproperty.com.mm ၀က်ဘ်ဆိုက်ကို အသုံးပြုမှုနှင့် ဆက်နွယ်နေပါသည်။

ဤအခေါ်အဝေါ်များနှင့် အခြေအနေများတွင် dotproperty.com.mm ၀က်ဘ်ဆိုက်ကို အသုံးပြုခြင်းနှင့် သက်ဆိုင်သည့် အရေးကြီးသော သင်၏အခွင့်အရေးများနှင့် တာဝန်များပါရှိသည့်အတွက် ကျွန်ုပ်တို့သည် သင့်အား ယင်းတို့ကို သေချာစွာဖတ်ရှုရန် အကြံပြုပါသည်။

dotproperty.com.mm သည် ကိုယ်စားလှယ် သို့မဟုတ် ဖွံ့ဖြိုးစေသူတစ်ဦး မဟုတ်ပါ၊ ကျွန်ုပ်တို့သည် ကော်မရှင်ကို မအုပ်ချုပ်ပါ။ ကျွန်ုပ်တို့သည် ၀ယ်ယူသူများ၊ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးစေသူများနှင့် ကြော်ငြာသူများကို အတူတကွရှိစေနိုင်မည့် ပလက်ဖောင်းတစ်ခုကိုသာ ပံ့ပိုးပေးပါသည်။ သင်သည် သင်စုံစမ်းနေသောပိုင်ဆိုင်မှုတစ်ခုအတွက် ကျွန်ုပ်တို့၏၀က်ဘ်ဆိုက်မှ ဆက်သွယ်ရန်ပုံစံများကို အသုံးပြုသည့်အခါတွင် ကျွန်ုပ်တို့သည် သင်ဒအသေးစိတ်အချက်များကို ဆီလျော်သောကိုယ်စားလှယ် သို့မဟုတ် ဖွံ့ဖြိုးစေသူထံသို့ ပို့ပေးမည်ဖြစ်သည်။ ဤကနဦးစုံစမ်းမှု ဖြစ်ပေါ်ပြီးသည့်အခါတွင် သင်နှင့် ထိုပါတီကြားရှိဆက်သွယ်မှုနှင့်ပတ်သက်ပြီး တာဝန်ယူမှု သို့မဟုတ် ၀တ္တရားရှိမှုကို ကျွန်ုပ်တို့မှလက်မခံပါ။

ဤစာရွက်စာတမ်း၏ လုပ်ငန်းဆောင်တာများအတွက် ဤနေရာမှစ၍ “ကျွန်ုပ်တို့", "ကျွန်ုပ်တို့၏", " ကျွန်ုပ်တို့ကို" စသည်တို့သည် ဤ၀က်ဘ်ဆိုက် dotproperty.com.mm နှင့် ၄င်း၏လက်အောက်ခံ ကုမ္ပဏီများ၊ ၀န်ထမ်းများ၊ ကိုယ်စားလှယ်များ၊ ပူးပေါင်းထားသူများ သို့မဟုတ် ခန့်အပ်ထားသောပါတီများကို ရည်ညွှန်းပါသည်။

ဤ၀က်ဘ်ဆိုက်dotproperty.com.mmအား အသုံးပြုခြင်းဖြင့် သို့မဟုတ် ၀န်ဆောင်မှုများအတွက် dotproperty.com.mmနှင့် စာချုပ်ချုပ်ဆိုခြင်းဖြင့် သင်သည် ဤနေရာတွင်သတ်မှတ်ထားသော အခေါ်အဝေါ်များနှင့် အခြေအနေများအားဖြင့် ချည်နှောင်ထားရန်ကို ဖတ်ရှုနားလည်ပြီးကြောင်း ၀န်ခံသည်။

လုံခြုံမှုပေါ်လစီတစ်ခုအား စာတမ်းပြီးပြီဖြစ်ပြီး ဤ၀က်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်။

A. အသုံးပြုသူမှ တာဝန်များ

  • ဤ၀က်ဘ်ဆိုက်ကို အသုံးပြုသူတစ်ဦးအနေဖြင့် သင်သည် လိုအပ်သည့်အခါတိုင်း အသေးစိတ်များ၏ တိကျမှန်ကန်မှုများကို စစ်ဆေးရန်နှင့် လိုအပ်သော ဥပဒေဆိုင်ရာအကြံပြုချက်များကို ရရှိရန်တာဝန်ရှိပါသည်။
  • Myanmar နိုင်ငံအတွင်း လတ်တလော ၀ယ်ယူရရှိနိုင်သော သို့မဟုတ် ငှားနိုင်သော ပိုင်ပိုင်ဆိုင်မှုများ ကိုသာကြော်ငြာပါ။ ပိုင်ဆိုင်မှု ဖော်ပြချက်များနှင့် ရုပ်ပုံများသည် စာရင်းပြုလုပ်ထားသော ပိုင်ဆိုင်မှုများနှင့် ဆီလျော်ရမည်ဖြစ်သည်။ မမှန်မကန်ဖော်ပြမှုများ၊ အတု သို့မဟုတ် မှားယွင်းသည့် အချက်အလက်များကို ဖယ်ရှားပစ်မည်ဖြစ်သည်။
  • သင်သည် ရောင်းထွက်သွားသော သို့မဟုတ် ငှားရန်သဘောတူညီလိုက်သော ပိုင်ဆိုင်မှုများကို ၇ ရက်အတွင်း ဖယ်ရှားပေးရမည်ဖြစ်သည်။
  • dotproperty.com.mm အား ၀တ္တရားများ၊ ဥပဒေကြောင်းများ သို့မဟုတ် အခြားနည်းလမ်းများဖြင့် ထိတွေ့စေနိုင်သည့် ဥပဒေနှင့်မညီညွတ်သော၊ ပုံစံမကျသော၊ လိမ်လည်သော၊ မမှန်မကန်ဖော်ပြဟု ယူဆနိုင်သော သို့မဟုတ် မူပိုင်ခွင့်ဖြင့်ကာကွယ်ထားသော မည်သည့်အရာကိုမှ မထုတ်ဝေထားကြောင်း သေချာပါစေ။
  • ကြော်ငြာများသည် ဥပဒေနှင့်ညီညွတ်ရမည်၊ သင့်တင့်လျောက်ပတ်ရမည်၊ မှန်ကန်မှုရှိရမည်။ ကြော်ငြာများအားလုံးသည် Myanmar နိုင်ငံ၏ ကြော်ငြာမှုစံနှုန်းများအပြင် Myanmar နိုင်ငံ၏ ဥပဒေနှင့် လိုက်လျောညီထွေဖြစ်ရမည်။
  • ကြော်ငြာသူများ၊ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးစေသူများအားလုံးသည် Myanmar နိုင်ငံတွင် တည်ထောင်ထားသော သို့မဟုတ် နိုင်ငံခြားတွင် တရားဝင်ကုမ္ပဏီတစ်ခုနှင့် အလုပ်လုပ်ရန်အခွင့်အရေး ရှိသင့်သည်။
  • အသုံးပြုသူများအားလုံးသည် ထုတ်ဝေဖော်ပြမှုများရှိ ကြော်ငြာများနှင့် စာရင်းများမှန်ကန်မှုရှိမရှိ စစ်ဆေးရန်နှင့် အမှားအယွင်းတစ်ခုခုကို တွေ့ရှိပါက ကျွန်ုပ်တို့ကို အီးမေးလ်ဖြင့် အသိပေးရန် တာဝန်ရှိပါသည်။
  • သင်၏၀ယ်ယူမှုသည် သင့်အတွက်သာဖြစ်ပြီး သင်သည် အခြားကိုယ်စားလှယ်များ၊ ပုဂ္ဂလိကရောင်းချသူများ သို့မဟုတ် အခြားသောဖွံ့ဖြိုးစေသူများအတွက် dotproperty.com.mm ၏ ရေးသားအတည်ပြုချက်မရှိဘဲ ပိုင်ဆိုင်မှုများကို လိုင်းမတင်ရပါ။
  • ၀ယ်ယူမှုတစ်ခုခြင်းစီသည် ကိုယ်စားလှယ်တစ်ဦးသာသုံးရန် အတွက်ဖြစ်သည်။ ကိုယ်စားလှယ်ရုံးတစ်ခုချင်းစီသည် တစ်ဦးချင်းနှင့် သီးသန့်ခွဲထားသော ၀ယ်ယူများများ လိုအပ်ပါသည်။
  • ၀ယ်ယူမှုတစ်ခုခြင်းစီသည် ဖွံ့ဖြိုးစေသူတစ်ဦး သုံးစွဲရန်သာဖြစ်သည်။ ဖွံ့ဖြိုးစေသူတစ်ဦးသည် ဖွံ့ဖြိုးမှုတစ်ခုလျှင် ၀ယ်ယူမှုတစ်ခုနှုန်းဖြင့် ၀ယ်ယူရန်လိုအပ်သည်။
  • ကိုယ်ရေးဓာတ်ပုံများ၊ လိပ်စာများနှင့် တယ်လီဖုန်းနံပါတ်များအပါအ၀င် စီးပွားရေးဆိုင်ရာ အသေးစိတ်အချက်အလက်များသည် အမြဲတမ်း အချိန်နှင့်တပြေးညီ ဖြစ်နေရမည်။

B. သင်သည်အောက်ပါအကြောင်းအရာများကို အသိအမှတ်ပြုသည်

  • ကျွန်ုပ်တို့သည် ထိုသို့ပြုလုပ်ရန်တာဝန်ဝတ္တရား မရှိသော်လည်း ကျွန်ုပ်တို့ဝက်ဘ်ဆိုက်တွင် အသုံးပြုသူမှဖန်တီးသော ပါဝင်အကြောင်းအရာများကို စောင့်ကြည့်ရန် သို့မဟုတ် စိစစ်ရန်အခွင့်အရေးကို အရန်သင့်ထားပါသည်။
  • နည်းပညာဆိုင်ရာ သို့မဟုတ် စစ်စတမ်ဆိုင်ရာ ပြဿနာများသည် ကျွန်ုပ်တို့၏တာဝန်မဟုတ်ပါ၊ သို့သော် ပြတ်တောက်ခြင်းများကို လုံးဝအနည်းဆုံးဖြစ်အောင် ထိန်းသိမ်းထားရန် ကျွန်ုတို့က အားထုတ်ပါမည်။
  • သင်သည် သင့်ဒေများများ၏ လုံခြုံမှုနှင့် ရိုးသားမှုအတွက် တာဝန်ရှိသည်။
  • ဒေတာများကို အင်တာနက်ပေါ်တွင် လွှဲပြောင်းပေးပို့ခြင်းသည် အမှားအယွင်းများနှင့် နှောင့်နှေးမှုများကြောင့် သက်ရောက်မှုရှိနိုင်ပါသည်။
  • ကျွန်ုတို့သည် :(here must be the thing which causes damage) ကြောင့်ဖြစ်သော ပျက်စီးဆုံးရှုံးမှုများအတွက် တာဝန်ရှိမှုကို လက်မခံပါ။
  • ကြော်ငြာထုတ်ဝေမှုတွင်ပါနေသော အမှားအယွင်း၊ မတိကျမှု သို့မဟုတ် ကျန်ရှိမှုတစ်ခု
  • ကြော်ငြာသူမှ သတ်မှတ်ထားသော ရက်စွဲ သို့မဟုတ် ရက်စွဲများတွင် ကြော်ငြာတစ်ခုကို ထုတ်ဝေရန် ပျက်ကွက်မှု။
  • ကျွန်ုပ်တို့သည် မည်သည့်ကြော်ငြာ သို့မဟုတ် စာရင်းကိုမဆို အချိန်မရွေး ဖယ်ရှားရန်၊ ဆိုင်းငံ့ရန် သို့မဟုတ် အနေအထားပြောင်းရန် အခွင့်အရေးကို အရန်သင့်ထားပါသည်။
  • ကျွန်ုပ်တို့သည် လိုအပ်သည်ဟုယူဆပါက ကြော်ငြာများ သို့မဟုတ် စာရင်းများသို့ မည်သည့်ပြောင်းလဲမှုကိုမဆို ပြုလုပ်ရန် အခွင့်အရေးကို အရန်သင့်ထားပါသည်။
  • ကျွန်ုပ်တို့သည် ၀ယ်ယူမှုများ သို့မဟုတ် ကြော်ငြာမှု နှုန်းထားများကို အချိန်မရွေးတိုးမြှင့်နိုင်သည့် သို့မဟုတ် စာချုပ်၏ ကြာမြင့်သည်ကာလကို ပြုပြင်နိုင်သည့် အခွင့်အရေးကို အရန်သင့်ထားပါသည်။ ထိုသို့သော ဖြစ်ရပ်များတွင် သင်သည် ပယ်ဖျက်ရန်ကို ရွေးချယ်ခွင့်ရှိပါသည်။

C. ၀န်ဆောင်မှု၏ သဘောတူညီမှု ကြာမြင့်သည့်ကာလ၊ အသစ်လဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် နိဂုံးချုပ်ခြင်း

  • ဤသဘောတူညီမှုသည် သင့်စာချုပ်၏ ကြာမြင့်ချိန်တွင် တည်ရှိပါသည်။
  • ကျွန်ုပ်တို့သည် အသိပေးခြင်းမရှိဘဲ ဤသဘောတူညီမှုကို အချိန်မရွေး နိဂုံးချုပ်နိုင်ပါသည်။
  • အကယ်၍ အောက်ပါအကြောင်းအရာများ ဖြစ်ပွားလျှင် ကျွန်ုပ်တို့သည် သင်၏အကောင့်ကို ဆိုင်းငံ့ထားပြီး သင်၏ပိုင်ဆိုင်မှုစာရင်းများရှိ အသေးစိတ်များကို ယာယီ သို့မဟုတ် အပြီးတိုင်ဖယ်ရှားမည်။
    • သင်သည် ချိန်းဆိုထားသောနေ့တွင် ကျသင့်ငွေများကိုပေးချေရန် ပျက်ကွက်သည်။
    • သင်သည် ကျွန်ုပ်တို့သဘောတူညီမှု၏ အခေါ်အဝေါ်တစ်ခုခုကို ချိုးဖောက်သည်။
    • သင်သည် မှားယွင်းသော သို့မဟုတ် မမှန်မကန်ဖြစ်စေသော အခြင်းအရာတစ်ခုကို ဖော်ပြထားသည်။
    • သင်သည် ကြွေးစာရင်းများကို အပြတ်ရှင်းလင်းခြင်း သို့မဟုတ် အုပ်ချုပ်ရေးသို့ ၀င်ရောက်ပါသည်။
  • စာချုပ်များသည် သီးသန့်ခွဲထားသည့် သဘောတူညီမှုမျိုး ထည့်သွင်းမထားပါက သဘောတူထားသည့်အတိုင်း တူညီသော အခေါ်အဝေါ်နှင့် အခြေအနေများဖြင့် အလိုအလျောက်အသစ်ပြန်လုပ်မည်ဖြစ်သည်။

E. လင့်ခ်များနှင့် တတိယပါတီများ

  • ကျွန်ုပ်တို့နှင့် မည်သည့်နည်းနှင့်မျှ ထိန်းချုပ်မှုမရှိသော သို့မဟုတ် ပူးပေါင်းမှုမရှိသော dotproperty.com.mm လင့်ခ်များ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ၄င်းတို့မှပံ့ပိုးထားသော ပါဝင်အကြောင်းအရာများနှင့် သတင်းအချက်အလက်များအတွက် တာဝန်မယူပါ။ dotproperty.com.mm သည် ကြော်ငြာဝက်ဘ်ဆိုက်များမှ ရည်ညွှန်းချက်များကိုပြသပြီး ကြော်ငြာသူတတိယပါတီများမှ ပေးထားသော မမှန်ကန်သော သို့မဟုတ် မတိကျသော သတင်းအချက်အလက်များအတွက် တာဝန်မရှိပါ။
  • ကြော်ငြာသူများအား ကိုယ်တိုင်အရောင်းမြှင့်တင်ရန် သို့မဟုတ် ၄င်းတို့၏ကိုယ်ပိုင်ဝက်ဘ်ဆိုက် သို့မဟုတ် အခြားသက်ဘ်ဆိုက်များရှိ တိုက်ရိုက်လင့်ခ်များကို ကုမ္ပဏီအရာရှိတစ်ဦး၏ အာမခံထားသော ရေးသားခွင့်ပြုချက်နှင့် မကိုက်ညီဘဲ dotproperty.com.mm ၏ မည်သည့်နေရာတွင်မဆို ထည့်သွင်းရန် ခွင့်မပြုပါ။

F. အထွေထွေ

  • ကျွန်ုပ်တို့သည် ဤအခေါ်အဝေါ်များနှင့် အခြေအနေများကို အသိပေးခြင်းမရှိဘဲ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
  • အကယ်၍ ကျွန်ုပ်တို့သည် ဤအခေါ်အဝေါ်များနှင့် အခြေအနေများကို ပြောင်းလဲပါက ကျွန်ုပ်တို့သည်ဝက်ဘ်ဆိုက်တွင် ဤလင့်ခ်၏အောက်၌ ထုတ်ဝေဖော်ပြမည်ဖြစ်သည်။ https://www.dotproperty.com.mm/terms

ဤအခေါ်အဝေါ်များနှင့် အခြေအနေများနှင့် ဆက်စပ်လျှက်ရှိသော စာချုပ်နှင့် ပေးချေမှုများအစီအစဉ်သည် သင်နှင့်ကျွန်ုပ်တို့အကြား သဘောတူညီမှုတစ်ခုလုံးကို ဖြစ်ပေါ်စေပါသည်။ အကယ်၍ ဤအခေါ်အဝေါ်များနှင့် အခြေအနေများထဲမှ တစ်စိတ်တစ်ပိုင်းကို အားဖြည့်မပေးနိုင်ပါက ထိုအစိတ်အပိုင်းကို အသုံးချမည်မဟုတ်ပါ၊ သို့သော် ကျန်ရှိနေသော အခြားအခေါ်အဝေါ်များနှင့် အခြေအနေများမှာ အားဖြည့်ထားမြဲဖြစ်သည်။